စီးရီးအေမှာ ပြိုင်ဘက်မရှိတဲ့ အင်တာမီလန်


ဖေဖော်ဝါရီ ၁၈

အင်တာမီလန်အသင်းရဲ့ ဒီနှစ်ခြေစွမ်းကတော့ အကောင်းခြေစွမ်းတွေနဲ့ အမှတ်ပေးဇယားကို ဦးဆောင် နေပါတယ်။ စီးရီးအေပွဲစဉ် ၂၄ အပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရမှတ် ၆၃ မှတ်နဲ့ ဦးဆောင်နေပြီးတော့ ဒုတိယနေရာက ဂျူဗင်တပ်အသင်းကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်တာ‌ကြောင့် အခုနှစ်ရာသီ ချန်ပီယံဆုဖလားက အင်တာမီလန်အသင်းအတွက် သေချာသလောက်ဖြစ်နေပါတယ်။

အင်တာမီလန်အသင်းဟာ စီးရီးအေမှာ အကောင်းဆုံးဖြစ်နေပြီး ပြိုင်ပွဲ ၂၄ ပွဲကစား၊ သွင်းဂိုး ၅၉ ဂိုးနဲ့ ပေးဂိုး ၁၂ ဂိုးပဲ ပေးထားရပါတယ်။ အထူးသဖြင့် တိုက်စစ်မှာ မာတီနက်ဇ် ရဲ့ သွင်းဂိုးတွေက အဓိကကျနေပြီး ၂၄ ပွဲမှာ သွင်းဂိုး ၂၀ အထိ ရယူထားနိုင်ပါတယ်။