မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ ဖိုးချစ်ကုန်းအုပ်စု၊ အိမ်ဝင်းတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၁၇
ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ ဖိုးချစ်ကုန်းအုပ်စု၊ အိမ်ဝင်းတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်သည် လူနေထိုင်းခြင်းမရှိသော နေအိမ်များဖြစ်ကြောင်း၊ အဆောက်အဦး ၂ ခု မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသလိုမီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်အိမ်တစ်လုံးနှင့်စပါးတိုက်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်ကျွမ်းခဲ့‌မှု ဆုံးရှုံးမှုတန်ဘိုးတွက်ချက်ပေးနိုင်ခြင်းမရှိသေးကြောင်း ၊မီးလောင်ရာနေရာသို့ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် မီးညွှန့်ကျိုးသွားပြီး မီးလုံး၀ငြိမ်းသတ်နိုင်ခဲ့ကြောင်း မိုးကောင်းမြို့မီးသတ်စခန်း တာဝန်ရှိသူတစ်ဦးထံကသိရှိရပါသည် ။

#PAN

Telegram link

https://t.me/positiveanglenews