ကုန်စျေးနှုန်းသတင်း


ဖေဖော်ဝါရီ ၁၆

ဖေဖော်ဝါရီလ ၁၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲစဉ်းငုံနီနဲ့ မတ်ပဲဈေးတွေ ဆက်တိုက် မြင့်တက်လာပြီး ဘိုကိတ်ပဲနဲ့ ပဲလွန်းနီဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေ ဈေးငြိမ်နေသလို ထန်းလျက်၊ သကြားနဲ့ အာလူးဈေးတွေလည်း ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၀၂,၄၇၁ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၉,၆၀၇ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၀၈၀ ကျပ်ကနေ ၅,၁၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၇,၄၄၆ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၃၇၅ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၂၀ ကျပ်ကနေ ၁,၁၄၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲယင်းနီ တစ်ပိဿာကို ၃,၈၆၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (အောင်ပန်း) တစ်ပိဿာကို ၁၆,၅၀၀ ကျပ်ကနေ ၁၇,၈၀၀ ကျပ်၊ ငရုတ် (ပန်းရဲ) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၉၃၀ ကျပ်ကနေ ၃,၉၇၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၄၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာ ကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၄၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၇၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၇၀ ကျပ်၊ မန္တလေးမှာ ၂,၈၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၁၀ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၇၅ ကျပ်၊ မန္တလေးမှာ ၂,၉၂၅ ကျပ်၊ နေပြည်တော်မှာ၂,၉၂၅ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၉၅ ကျပ်၊ မန္တလေးမှာ ၂,၆၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၄၀ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၄၀ ကျပ်၊ မန္တလေးမှာ ၂,၆၉၀ ကျပ်၊ နေပြည်တော်မှာ၂,၆၉၀ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၀၇,၂၀၀ိ/-) သုံးဆယ် ခြောက်သိန်း ခုနစ်ထောင် နှစ်ရာ ကျပ် ရှိပြီး ပြင်ပ ပေါက်ဈေးမှာ (၃,၈၇၅,၀၀၀ိ/-) သုံးဆယ် ရှစ်သိန်း ခုနစ်သောင်း ငါးထောင် ကျပ် ရှိနေတယ်လို သိရပါတယ်။

PAN