ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားရမည်

ဖေဖော်ဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိအခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများသည် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း၊ ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ခရိုင်အတွင်းရှိ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူစာရင်းများ၊ သင်ကြားသင်ယူနေမှုအခြေ အနေနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသရှိ မိမိတို့တက္ကသိုလ်ရှိ ဆရာဆရာမများ ပညာရေးအရည်အသွေးမြှင့်တင်ပေးရန် သင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးရန်လိုအပ်ကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြင့်နေမှသာ အရည်အသွေးရှိသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ်ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး‌ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာများ၊ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်လက်မှတ် သင်တန်းဖွင့်လှစ် ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် နွေရာသီတွင်အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

#PAN

Telegram link

https://t.me/positiveanglenews