ဖေဖော်ဝါရီ ၁၆
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၉၃၇ ဦး ခေါ်ယူမှာ ဖြစ်တယ်လို တိုကျိုမြိုရှိ မြန်မာသံရုံးကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြိုအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပိုလာတဲ့ အလုပ်ကမ်းလှမ်းစာ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အခုလို စိစစ်ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများဟာ ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို ပြန်လည်ပေးပိုလျက်ရှိတယ်လို သိရပါတယ်။ဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို ပေးပို ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာဟာ ၃၀၂ ခုရှိတယ်လို သိရပါတယ်။