ဘီးလင်းမြို့နယ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ စတုတ္ထနေ့ကျင်းပပြုလုပ်


ဖေဖော်ဝါရီ ၁၆

ယနေ့ နံနက် ၉ အချိန်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာအခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်း၊ကျောင်းများ၌ ကျင်းပလျက်ရှိကြောင်းသိရှိရပါသည်။

ဘီးလင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသလို အခြေခံပညာကျောင်းများ၌ စတုတ္ထနေ့အဖြစ် သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုလျက်ရှိပြီး Grade-5 နှင့် Grade -9 မှအပ မူလတန်းမှအထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၃၆၈ ဉီးတို့က အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews