“ဂျပန်ဝန်ကြီးချုပ် တောင်ကိုရီးယားနိုင်ငံသို မတ်လအတွင်း သွားရောက်ရန် စီစဉ်နေ”


ဇန်နဝါရီလ ၁၆

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် လာမယ့်မတ်လ ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို နိုင်ငံတော် အဆင့်ခရီးစဉ်သွားရောက်ဖို စဉ်းစားနေကြောင်း အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖူဂျီတီဗီက ထုတ်လွှင့် ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ကျင်းပမယ့် တောင်ကိုရီးယား ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲမတိုင်မီ သမ္မတယွန်ဆော့ရွဲနဲ့တွေ့ဆုံရန် ကြိုးစားနေပြီး မြောက်ကိုရီးယားကိစ္စအပါအဝင် ကဏ္ဍ ပေါင်းစုံ ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဝန်ကြီးချုပ် ကီရှီဒါဟာ ၂၀၂၃ ခုနှစ်၊ မေလက တောင်ကိုရီးယားနိုင်ငံသို နောက်ဆုံးရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတိုသည် အရှေ့အာရှဒေသရှိ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေးရှိ သည့် နိုင်ငံများဖြစ်ကြောင်းလည်း သိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews