ကော့ကဒိုက်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် နေထိုင်သူ PDF အဖွဲ့ဝင်တစ်ဦး ၎င်းနေအိမ်၌ ပစ်ခတ်ဖမ်းဆီး


ဖေဖော်ဝါရီ ၁၆

ယမန်နေ့ ညဦးပိုင်းအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ၊ကော့ကဒိုက်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၁၁ နာရီခန့်က သာမန်အရပ်သားအဖြစ် ဟန်ဆောင်ပြီး နေထိုင်သူ PDF အဖွဲ့ဝင်တစ်ဦးကို ဒေသခံများ၏ လျှိုဝှက်သတင်းပေးပို့ချက်အရ သွားရောက်ဖမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက် PDFအဖွဲ့ဝင်ကို လုံခြုံရေးအဖွဲ့များက သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံပစ်ခတ်သဖြင့် လုံခြုံ‌ရေးအဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရမိပြီး အဆိုပါ PDFအဖွဲ့ဝင်သည် ကော့ကဒိုက်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင်နေထိုင်သူ သန်းဝင်းအောင် ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

PAN