One Championship မှာ သံမဏိစိုးလင်းဦးနှင့် သန့်ဇင်တို ပါဝင်ထိုးသတ်မည်


ဖေဖော်ဝါရီ ၁၅

မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနှင့် တက်သစ်စ မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်တိုရဲ့ တွဲဆိုင်း ၂ ဆိုင်း ပါဝင်လာတယ်လို သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှာကျင်းပမယ့် One Lumpinee 52 (One Friday Night) ပွဲစဥ်မှာ ဝင်ရောက် ယှဥ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

သံမဏိစိုးလင်းဦး ဟာ ဂျပန်နိုင်ငံသား မွေထိုင်းဖိုက်တာ Masayoshi Tsuhashi နှင့် မွေထိုင်းစည်းမျဥ်းအောက်မှာ ၃ ချီ ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး သန့်ဇင် ကတော့ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ Jaising နှင့် ထိုးသတ်မှာ ဖြစ်တယ်လို သိရပါတယ်။

အဆိုပါပွဲစဥ်များကို One Championship Live မှ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို သိရပါတယ်။