ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား


ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က လုံခြုံရေးတပ်ဖွဲဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များနှင့် မိနစ်အနည်ငယ်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၇ လောင်း၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ အေကေ ကျည်အိမ် ၃ ခု၊ အေကေ ကျည် ၃၀၀ တောင့်၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၂ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဆန်းပိုင်းမှစတင်၍ လုံခြုံရေးတပ်ဖွဲဝင်များမှ မြေပြင်ရှင်းလင်းဆောင်ရွက်လျှက်ရှိရာ အကြမ်း PDF စခန်းများ၊ အကြမ်းဖက် PDF များ ရှင်းလင်းပစ်ခတ်ခြင်းများခံရ၍ စခန်းရွှေခြင်းများ၊ တိမ်ရှောင်ထွက်ပြေးခြင်းများ အများအပြားဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews