အကြမ်းဖက်သမားများ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ(၄) ဦး ဒဏ်ရာရ


ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြိုနယ် စံဖူးကျေးရွာအုပ်စု နောင်စုံရွာအထွက် ကားလမ်းပေါ်တွင် အကြမ်းဖက် PNLA+KNDF များ ထောင်ထားသော မိုင်းနင်းမိသဖြင့်အပြစ်မဲ့ပြည်သူ(၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့နံနက် ၉ နာရီခန့်အချိန်တွင် ဟိုပုံးမြို့နယ် နောင်စုံကျေးရွာအနီးရှိ ကားလမ်းမပေါ်တွင် အကြမ်းဖက်သမားများထောင်ထားသည့်မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်းသည့်ရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် နောင်စုံကျေးရွာမှ နန်းစံခမ်း ၄၂ နှစ်၊ နန်းစန်းရွှေ ၃၈ နှစ်၊ နန်းမြဦး ၁၈ နှစ်နှင့် ခွန်ပြည့်စုံ ၁၇ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပအိုဝ်း နယ်မြေအတွင်းကို ဝင်ရောက်လှုပ်ရှားနေတဲ့ ကယားသူပုန် KNDF အဖွဲတွေဟာ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများမှာ တိုက်မိုင်းများ၊ နင်းမိုင်းများ ထောင်ထားတဲ့အတွက် ယခုလို အပြစ်မဲ့ပြည်သူများ မိုင်းထိဒဏ်ရာ ရခြင်း ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူများတွင် ခွန်ပြည့်စုံ ၁၇ နှစ်သည် စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ကျန်အမျိုးသမီး ၃ ဦးမှာ မစိုးရိမ်ရကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခင်ကအေးချမ်းတည်ငြိမ်ခဲ့သော်လည်း ယခုအခါ ပအိုဝ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် PNLA နှင့် ကယား PDF အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရပြီး မြို့ရွာများပျက်စီနေကြောင်းသိရသည်။

အဆိုပါ ပအိုဝ်း နယ်မြေအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် လက်နက်ကိုင်များအား ဒေသခံ ပအိုဝ်း ပြည်သူများနှင့် PNO အဖွဲ့မှ လုံးဝ လက်မခံဘဲ ကျေးရွာအလိုက် ပြည်သူ့စစ်များ ဖွဲစည်းပြီး တုန့်ပြန်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

PAN