သီရိလင်္ကာနိုင်ငံ၏ပညာရေးစနစ်တွင်ဉာဏ်ရည်တုဆိုင်ရာသင်ရိုးညွှန်တမ်းများကို ထည့်သွင်းသင်ကြားမည်


ဖေဖော်ဝါရီ ၁၄

နိုင်ငံ၏ပညာရေးစနစ်တွင် ဉာဏ်ရည်တုဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းသင်ကြားရေးအတွက် အဆိုပြုချက်ကို သီရိလင်္ကာအစိုးရအဖွဲက အတည်ပြုခဲ့ကြောင်း သီရိလင်္ကာ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

၎င်းအဆိုပြုချက်သည် ဉာဏ်ရည်တုနည်းပညာနှင့် ပတ်သက်သည့် အမျိုးသားအဆင့် မဟာဗျူဟာနှင့် စီမံချက်တစ်ရပ်ဖွဲ့စည်းရန် ခန့်အပ်တာဝန်ပေးထားသည့် အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် အခြေခံထားကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မိုက်ခရိုဆော့ဖ် အင်စတီကျူ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သီရိလင်္ကာအမျိုးသားပညာရေးတက္ကသိုလ်၏ အကြံပြုချက် များအပေါ် အခြေခံ၍ မိုက်ခရိုဆော့ဖ်အင်စတီကျူမှ လက်ရှိအကောင်အထည် ဖော်နေသော နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် အစိုးရအဖွဲက အတည်ပြုခဲ့ပြီး လိုအပ်သောအခြေခံလူ့စွမ်းအား အရင်းအမြစ်များ ရရှိနိုင်သည့်ကျောင်းများတွင် အဋ္ဌမတန်းမှစတင်၍ ရှေ့ပြေးစီမံကိန်းများကို စတင်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန က ပြောကြားသည်။

မိုက်ခရိုဆော့ဖ်အင်စတီကျူမှ ပံ့ပိုးပေးသော အဆောက်အအုံများ တွင် စမ်းသပ်စီမံကိန်းအတွက် ရွေးချယ်ထားသော ကျောင်းများ၏ဒစ်ဂျစ်တယ်စနစ် အဆင့်မြှင့်တင်ရေးနှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာဘာသာရပ် သင်ကြားမည့်သင်ကြားပိုချသူ ၁၀၀ သင်တန်း ပေးခြင်းကိုလည်း အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။