မုံရွာမြိုပေါ်တွင် တပ်မတော်က လူငယ်များကို ဖမ်းဆီးနေမှုများကြောင့် မြိုပေါ်တွင် အသွားအလာမရှိဘဲ မြိုခြောက်ကပ်သွားဟု မဟုတ်မမှန်သတင်းများကို ဝါဒဖြန့်


ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုပေါ်တွင် တပ်မတော်က လူငယ်များကို ဦးတည်ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ယနေ့မြိုပေါ်တွင် အသွားအလာမရှိဘဲ ခြောက်ကပ်နေကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင်လည်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်တချိုအဖမ်းခံရကြောင်း၊ ထိုပြင် ယမန်နေ့ နံနက်ပိုင်း မုံရွာ- မန္တလေး လမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

မုံရွာမြိုပေါ်တွင် ပုံမှန်သွားလာနေထိုင်မှုများရှိပြီး တပ်မတော်က ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်မှာ သတင်းမှားသာဖြစ်ပါသည်။ နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့် အမိန့်ထုတ်ပြန်ပြီးနောက် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထုကိုကြောက်လန့်အောင် ခြိမ်းခြောက်ခြင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပျက်ပြားအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။