ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရှိ သမ္ဗာန်ဂျိုင်အနီး အုန်းခင်းအတွင်ရှိ ဘိလပ်မြေထားသည့် ဂိုထောင်အတွင်းမှ ဘိန်းဖြူ 1.5 တန် သိမ်းစီးရမိ



ဖေဖော်ဝါရီ ၁၃

ယမန်နေ့ ၇ နာရီဝန်းကျင်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအနီးရှိ သမ္ဗာန်ဂျိုင်အနီး အုန်းခင်းအတွင်ရှိ ကိုတင်ထွန်း ဘိလပ်မြေထားသည့် ဂိုထောင်အတွင်းမှ ဘိန်းဖြူ 1.5 တန် သိမ်းစီးရမိကြောင်း သိရှိရသည်။

အဆိုပါ ကိုတင်ထွန်းမှ ဘိလပ်မြေထားရန်ဟုဆိုပြီး ဂိုထောင်တစ်လုံးဆောက်လုပ်ထားရာ ယင်း ဂိုထောင်အား သတင်းရ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာ ဘိန်းဖြူ(ice) 1kg ပါအထုတ်သေး ၅၀ ပါ(တစ်ဖာ)၊ ၇၅ ဖါ၊ တန်အားဖြင့် 1.5 တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရသည်။

PAN