အိုးဘိုကျေးရွာရှိ ဦးရွှေတောင်တံတားဘောင်တွင် မန္တလေးမြို့ပေါ်ရှိ ရခိုင်စားသောက်ဆိုင်များနှင့် သက်ဆိုင်သော လှုံ့ဆော်သတိပေးစာများ ကပ်ထား


ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာရှိ ဦးရွှေတောင်တံတားဘောင်တွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က လှုံ့ဆော် သတိပေးစာများ ကပ်ထား ကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် တံတား၏ မြောက်မှ တောင်သို့မောင်းနှင်လာသည့် CZI 125အနီ၊ အနက်ကြား ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှ A-4 စာရွက်ပေါ်တွင် မန္တလေးမြို့ပေါ်မှာ ရခိုင်ဆိုင်တွေမှန်သမျှ လုံးဝ-လုံးဝ အလိုမရှိ၊ ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေး တားမြစ်လိုက်သည်၊ လူမျိုးရေးဝါဒစွဲ ပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ စသည့် စာသားများပါရှိသော စာရွက် ၅ ရွက်အား ကပ်ထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ဖြုတ်ယူ သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိသည်။

PAN