ဟုမ္မလင်းမြို့ ၊ မြို့မအားကစားကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရင်ပြင်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်


ဖေဖော်ဝါရီ ၁၂

ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၊ မြို့မအားကစားကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရင်ပြင်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင်(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဌာနဆိုင်ရာ အားကစားပြိုင်ပွဲ၊ ကျောင်းသား/သူများမှ ကဗျာ၊ ပန်းချီ၊ စာစီစာကုံး၊ (ထက်/လယ်/မူ) ဆုရကျောင်းသား/သူ များ ဆုချီးမြှင့်ပွဲကျင်းပခဲ့ကြောင်း သိရပြီး အခမ်းအနားသို့ ဟုမ္မလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

PAN