ဂျာမနီက နျူကလီးယားဓာတ်ပေါင်းဖိုများနေရာတွင် အစားထိုးနိုင်ရေးအတွက် ယူရို ၁၆ ဘီလီယံ သုံးစွဲမည်


ဖေဖော်ဝါရီ ၁၂

ဂျာမနီနိုင်ငံသည် ၎င်းတို့လက်ရှိအသုံးပြုနေသော နျူကလီးယား ဓာတ်ပေါင်းဖိုများနေရာတွင် အစားထိုး မည့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ယူရို ၁၆ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
နျူကလီးယားဓာတ်ပေါင်းဖိုများနေရာတွင် အစားထိုးနိုင်ရေးအတွက် ဓာတ်ငွေ့စွမ်းအင်သုံး ဓာတ်အား ပေး စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


အသစ် တည်ဆောက်မည့် ဓာတ်ငွေ့စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံများသည် ဟိုက်ဒရိုဂျင်စွမ်းအင်ကို အဓိက အသုံးပြု လည်ပတ်သွားမည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်မှ ၂၀၄၀ ပြည့်နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ 


အဆိုပါ ဓာတ်အားပေးစက်ရုံများသည် လျှပ်စစ်ဓာတ်အားပမာဏ ၁၀ ဂစ်ဂါဝပ် အထိ ထုတ်လုပ်နိုင်မည် ဖြစ်ပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအသုံးပြုမှုကိုတိုးမြှင့်ခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် နေရောင်ခြည် နှင့်လေစွမ်းအင်များ  အားနည်းသည့်တိုင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံက ဆက်လက် လည်ပတ် နေမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။


ဂျာမနီနိုင်ငံသည် ပြီးခဲ့ သည့်နှစ် ဧပြီလတွင် ၎င်းတို့၏ နောက်ဆုံးကျန်ရှိသော နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသုံးလုံးကို ပိတ်သိမ်းခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။