ချန်ပီယံဖြစ်မယ်လို မထင်ထားသည့် အိုက်ဗရီကိုစ်အသင်း ချန်ပီယံဖြစ်လာခဲ့


ဖေဖော်ဝါရီ ၁၂

အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ အိမ်ရှင် အိုက်ဗရီကိုစ်အသင်းဟာ နိုက်ဂျီးရီးယား အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အိုက်ဗရီကိုစ် အသင်းကို ဘယ်သူကမှ အာဖရိက ချန်ပီယံဖြစ်မယ် လိုမထင်ခဲ့ပါဘူး။ အုပ်စုကနေ ထွက်ခွာရဖို နီးစပ်ခဲ့တာကြောင့် လှောင်ပြောင်ခြင်းခံခဲ့ရပြီး နည်းပြကို ထုတ်ပယ် ပြီးမှ အုပ်စု တတိယနဲ့ရှုးထွက်အဆင့်ကို တက်‌ရောက်နိုင်ခဲ့ပါတယ်။

ရှုးထွက်အဆင့်မှာလည်း ယာယီနည်းပြက ဆက်လက် ကိုင်တွယ်ပြီး ဗိုလ်လုပွဲမှာ နိုက်ဂျီးရီးယား အသင်း ကို ဒုတိယပိုင်း ၆၂ မိနစ်အထိ ၁ ဂိုးရှုး ဂိုးမရှိ ရှုးနိမ့်နေရာမှ အိုက်ဗရီကိုစ်အသင်းအတွက် ၆၂ မိနစ်မှာ ချေပဂိုးသွင်း ယူခဲ့ပြီး အနိုင်ဂိုးတွေကို ၈၁ မိနစ်မှသာ သွင်းယူကာ ချန်ပီယံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အိုက်ဗရီကိုစ်ရဲ့ ချန်ပီယံခရီးလမ်းက ဖြောင့်ဖြူးခဲ့ခြင်း မရှိပေမယ့် ချန်ပီယံဆုဖလားက သူတိုအတွက် ထိုက်တန်တယ်ဆိုတာကို ကျော်ဖြတ်ခဲ့တဲ့ လမ်းခရီးတွေက သက်သေပြနေခဲ့တာ ဖြစ်ပါတယ်။