ကချင်ပြည်နယ်၊ ဆင်ဘိုမြို့ကို အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့မှ မြို့ခံလူထုကို ခြောက်လှန့်မောင်းထုတ်မှုနှင့် ဝိုင်း‌မော်မြို့နယ်၊ အာရှလမ်ကျေးရွာအမျိုးသမီး ၁ ဦး၏ရုပ်အလောင်းတွေ့ရှိ

ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့တွင် KIA/PDF များက ယနေ့ နံနက် ၁၁ နာရီအချိန်တွင် တပ်မတော်လုံးခြုံရေးအဖွဲ့က လေယာဉ်လာပြီး ဗုံးကျဲမည်ဟု သတင်း တွေဖြန့်ကာ ဒေသခံများကို မင်းတို့ အသက်မသေချင်ရင် ဒီကနေထွက်သွားကြ၊ သွားရှောင်နေကြဟု ပြောဆိုသတင်းဖြန့်ဝေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဒေသခံများက ၎င်းတို့၏ပြောဆိုမှုကြောင့် ဧရာဝတီမြစ်အောက်ဘက်ရှိရွာများ၊ မြင်သာ၊ ရေနားပင်လုံ၊ တောပင်လုံ၊ မံကင်းရွာများသို့လည်းကောင်း၊ ဧရာဝတီမြစ်အထက်ဘက် နောင်ပွဲ၊ နယ်ခြား စသည့်ရွာများသို့လည်းကောင်း၊ မုန်ညှင်းစိုက်ခင်းများသို့လည်းကောင်း အသီးသီး တိမ်းရှောင်ထွက်ပြေးနေကြရပြီး မြို့တွင်းကျန်နေသည့် ဒေသခံများကလည်း မိမိတို့နေအိမ်အတွင်းသာ ပုန်းခိုနေကြကြောင်းသိရသည်။

အကြမ်းဖက် KIA/PDF အင်အား ၅၀၀ ကျော်ခန့်သည် လက်ရှိအချိန်တွင် ကချင်ကုန်း၊ ကြာအင်း၊ ဧရာဉီးကွက်သစ်၊ ရဲစခန်း စသည့် ဆင်ဘိုမြို့အစွန် ပတ်ပတ်လည်တို့တွင်နေထိုင်ကာ ရွာသူရွာသားများ၏ သုံးဘီး၊ ဆိုင်ကယ်များကိုယူကာ မြို့တွင်း လည့်ပတ်နေကြကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်များ လှုပ်ရှားနေကြောင်း သတင်းရရှိသဖြင့် ဆင်ဘိုမြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသော စစ်တပ်အထိုင်မှ Drone များဖြင့် သွားရောက် ဗုံးကျဲနေကြောင်း သိရှိရသည်။

၎င်းအပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာအထက် သဲဝိုင်ကျေးရွာအနီးရှိ မေခမြစ်ဘေးတွင် ရိုက်သတ်ခံထားရသည့်ရုပ်အလောင်း မြစ်ဘေးတွင် သဲများနှင့်ဖုံးအုပ်ထားသည့်ရုပ်အလောင်း တလောင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းသည် အာလမ်ကျေးရွာတွင် နေထိုင်သူ ဒေါ်အင်ခိုင်ဂျာဘရိမ် ၄၉ နှစ် ဆိုသူဖြစ်ကြောင်းသိရသလို ၎င်း၏ ဘယ်ဘက်နားရွက်မှာလည်း လှီးဖြတ်ခံထားရပြီး ၎င်း၏ ဖုန်းနှင့်ငွေကျပ် ၁၀ သိန်းမှာလည်း ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရှိရပြီး လူသတ်တရားခံကို လုံခြုံရေးအဖွဲ့များက စုံးစမ်းရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း သိရှိရသည်။

PAN