ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင် ယာဥ်တိုက်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၁၀

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင်ယနေ့နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ငိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ ကျား (၃)ဦး၊ မ (၃)ဦး၊ စုစုပေါင်း(၆)ဦး အနက် ကျား(၁)ဦး (သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှိ ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ ကျား(၁)ဦး (သေဆုံး)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား​​ကြောင်းသရသည်။

#PAN