အောင်မြေသာစံမြို့နယ်၊ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ BLACK PANTHER ဖုန်းမှန်မကွဲသီးသန့်ဆိုင်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက်အမှတ်(၁၆၁)၊ ၂၂×၂၃ လမ်းကြား၊ ၈၃ လမ်းပေါ်တွင် ၂၀×၄၀​ပေ၊ RC တိုက် ၆ လွှာရှိ BLACK PANTHER (ဖုန်းမှန်မကွဲသီးသန့်)ဆိုင်၌ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ နံနက် ၁ နာရီခွဲအချိန်ခန့်က ကိုဇော်လတ် ချမ်းမြသာစည်မြို့နယ်နေသူ ပိုင်ဆိုင်သည့် BLACK PANTHER (ဖုန်းမှန်မကွဲသီးသန့်)ဆိုင် RC ၆ လွှာ၊ ဒုတိယထပ်၌ ဖုန်းကာဗာ ဂျပ်‌ဖာပေါ်တွင် ထမင်းပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၁ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် အခန်းအတွင်းရှိ ရေခဲသေတ္တာ ၂ လုံး၊ ဝါတာကိုလာ ၈ လုံး၊ တရုတ်ကလစ်ဆိုင်ကယ် ၁ စီး၊ ဖုန်းကာဗာဆက်စပ်ပစ္စည်း သိန်း ၈၀ ကျပ်ခန့်၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၁၉၅သိန်း ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်းအမျိုးသမီး ၆ဦးတို့တွင် ခြေကျင်းဝတ် ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် BLACK PANTHER (ဖုန်းမှန်မကွဲသီးသန့်)ဆိုင်တွင် မန်နေဂျာဖြစ်သူ ကိုအာကာ(ခ)ကျော်ဖြိုးဟန်၊၃၅နှစ်၊(ဘ)ဦးတင်လှ ဦးစီး၍ ဝန်ထမ်း ကျား ၁ဦး၊ မ ၁၉ဦး၊ပေါင်း ၂ဝဦးရှိပြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်မန်နေဂျာ ကိုအာကာ(ခ)ကျော်ဖြိုးဟန်အား အမှတ်(၅)နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN