ပြည်ကြီးတံခွန်မြို့နယ်တွင် ခြံစည်းရိုးခတ်သည့်ကိစ္စဖြင့် ကျူးကျော်နေထိုင်သူများမှ လက်မခံပဲ ရုန်းရင့်ဆန်ခတ်ဖြစ်


ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ်၊ ၅၀-၅၁ လမ်းကြား၊ ၁၂၇ လမ်း(ကျူး)တွင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ကိုယ်စားလှယ်ဖြစ်သူ ဦးချစ်ကိုကို၊ ၃၄ နှစ်၊ (ဘ)ဦးကျောက်၊ ခြံစည်းရိုးခတ်သည့်ကိစ္စနှင့်ပက်သတ်၍ လာရောက်စဉ် ကျူးကျော်နေထိုင်သူများမှ လက်မခံဘဲ လူစုလူဝေးဖြင့် ရုန်းရင့်ဆန်ခတ်ဖြစ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရုန်းရင့်ဆန်ခတ်ဖြစ်ပွားသည့် နေရာသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှ သွားရောက်ဖျန့်‌ဖြေထိန်းသိမ်းရာ ကျူးကျော်တဲနေ မသက်သက်ခိုင် ဦး‌ဆောင် သောအဖွဲ့မှ “တရားရုံး၏ ပြဌာန်းထားသောဥပဒေ” ခေါင်းစဉ်ဖြင့် မြေအပ်ဝရမ်း၊ တရားရုံးအမိန့်၊ နယ်မြေရဲပါဝင်မှ ဖယ်ရှားခွင့်ရှိသည်၊ ထိုအချက်များ မပါဝင်ဘဲ ဥပ‌ဒေမဲ့စွာ အင်အားသုံးဖယ်ရှားပါက တရားဥပဒေအရ အရေးယူခြင်း ခံရမည်ဟူသော A4 စာရွက်ဖြင့် စာစီထားသည့် စာရွက်(၁)ရွက်အား ကိုင်ဆောင်၍ အုပ်ချုပ်ရေးမှူး အဖွဲ့အား မချေမငံပြောဆိုခြင်း၊ လူအုပ်စုဖွဲ့ကာ အန္တရာယ်ပြုမည့်အနေအထားဖြင့် ဝိုင်းဝန်းတားဆီး ဟန့်တားနှောင်ယှက်နေခဲ့ကြောင်း သိရသည်။

ထိုနောက် နံနက် ၉ နာရီကျော်အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ အုပ်ချုပ်ရေးမှူးပါ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သွားရောက်လူစုခွဲခဲ့ပြီး လူစုလူဝေးဖြင့် အုပ်စုဖွဲ့ကာ တားဆီးနှောက်ယှက်သူ မသက်သက်ခိုင်ပါ ကျား(၁)ဦး၊ မ(၇)ဦး၊ ပေါင်း (၈)ဦးအား သက်ဆိုင်ရာရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်လာခဲ့‌ပြီး ဥပ‌ဒေအရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN