နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်‌ဒေါ်လာ ၈ သန်း ထပ်မံရောင်းချပေး


ဖေဖော်ဝါရီ ၉

ဖေဖော်ဝါရီလ ၈ ရက်က နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်‌ဒေါ်လာ ၈ သန်း ထပ်မံရောင်းချ ပေးခဲ့တယ်လို ဗဟိုဘဏ်က ပြောပါတယ်။ အခုဖေဖော်ဝါရီလအတွင်း ၃ ကြိမ်မြောက်အဖြစ် ငွေကြေး ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာ ရောင်းချပေးတာဖြစ်တယ်လိုလည်း ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်က အမေရိကန် ဒေါ်လာ ၁၃ သန်းကို သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်ထဲ ရောင်းချပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်က နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံရောင်းချပေးခဲ့တယ်လို သိရပါတယ်။ ဗဟိုဘဏ်အနေ နဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၇၉ သန်းကျော် ရောင်းချပေးခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။