တောင်ကြီးတွင် သမဝါယမအသင်းထုတ်ကုန်များ ခင်းကျင်းပြသရောင်းချမည်

ဖေဖော်ဝါရီ ၈

(77) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အသေးစား၊ အလတ်စား၊ ဒေသထွက်ကုန်များ ပြသရောင်းချခြင်းအခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ယနေ့ကျင်းပပြုလုပ်ရာ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများဖြစ်သည့် ကျိုင်းတုံမြို့ရှိ အာခါစက်မှုကုန်ထုတ် သမဝါယမအသင်းမှ ရိုးရာဝတ်စုံများ၊ ညောင်ရွှေမြို့နယ်ရှိ အောင်စင်္ကြာ ပဒုမ္မာကြာသင်္ကန်း စက်မှုလက်မှုရက်ကန်းကုန်ထုတ် သမဝါယမအသင်းမှ ကြာချည်ထည်များ၊ ရွာငံမြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ်သော ကော်ဖီထုတ်လုပ်မှုအဆင့်ဆင့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သည့် ဗေဒါသဘာဝမြေသြဇာများကို ခင်းကျင်းပြသ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

အဆိုပါ ဒေသထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ 12 ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN