မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကားကိုရပ်၍ ကားပေါ်မှဆင်း၍ ဆေးလိပ်သောက်နေစဉ် ကားကို လုယူခံရ

ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ဖေဖော်ဝါရီ ၆ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်‌အချိန်ခန့်တွင် ကားပိုင်ရှင်မှ ကားပေါ်ကဆင်း၍ ဆေးလိပ်သောက်နေစဉ် ဓားထောက်၍ ကားကိုလုယူခံရကြောင်း သိရှ်ိရပါသည်။

ကားပိုင်ရှင် ကိုလဖိုင်ဇော်လီအောင်(၂၅) နှစ်သည် ၎င်း၏ကားကို စီတာပူရပ်ကွက်၊ (အထက-၅)ကျောင်းကြားရှ်ိ NLDပါတီရုံးအကျော် လမ်းဆုံတနေရာ၌ရပ်ထားပြီး ကားပေါ်မှအပြင်ထွက်ကာ ဆေးလိပ်သောက်နေချိန် အသက် ၃၀ နှစ်အရွယ်ခန့်ရှိ‌သော အမျိုးသား ၄ ဦးက ဓားထောက်၍ ကားကိုလုယူသွားကြောင်း သိရှ်ိရပါသည်။

ဓားထောက်၍လုယူခံရသည့် ကားအမျိုးအစားမှာCROW အမျိုးစား(အဖြူရောင်)ဖြစ်ပြီး ၂၀၀၇ခုနစ်ထုတ်ဖြစ်ကြောင်းနှင့်၎င်းကားအတွင်း၌ ငွေသားကျပ်သိန်း ၈၀ ကျော်၊ ကျောက်စိမ်းများ၊ မှတ်ပုံတင်ကဒ်၊ ဘဏ်ကဒ်အပါအဝင် ယာဉ်မောင်းလိုင်စင်များလည်း ထိုကားနှင့်အတူပါသွားခဲ့ကြောင်း ကားပိုင်ရှင်ဖြစ်သူထံမှသိရှိရပါသည်။

နေရာဒေသအသီးသီးတွင် တရားမဝင်လက်နက်ကိုင်ဆောင်မှုများ အများအပြားရှိလာရာ ဒေသတွင်းသာမန်ပြည်သူများ၏ လုံခြုံမှုမှာလည်း နေ့စဉ်လိုလို ခြိမ်ခြောက်ခံလာရသည်ကို သတင်းများအရ ကြားသိရပါသည်။

#PAN