မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ အိမ်ခြေ ၈၀ ခန့်အား အကြမ်းဖက် PDF များမှ မီးရှို့ဖျတ်စီး


ဖေဖော်ဝါရီ ၇

ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအုပ်စု၊ ကံကျေးရွာကို အကြမ်းဖက် PDF များမှ သာလွန်အင်အားအသုံးပြု၍ စီးနင်းဝင်ရောက်ခဲ့သောကြောင့် လုံခြုံရေးပူးပေါင်းအဖွဲ့များနှင့် အပြန်လှန်ပစ်ခတ်မှုများပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အပြန်လှန်ပစ်ခတ်မှုပြင်းထန်‌နေချိန်တွင် အကြမ်းဖက် PDF အဖွဲ့များက ကျေးရွာရှိနေအိမ်များကို မီးရှို့ဖျတ်စီးခဲ့သဖြင့် အိမ်ခြေ ၈၀ ခန့်မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး (မစိုးရိမ်ရ)ဒဏ်ရာရ ရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် PDF အဖွဲ့များသည် ကျေးရွာရှိနေအိမ်များကို မီးရှို့ဖျတ်စီးခဲ့ ပြန်လည်ထွက်ပြေးသွားကြကြောင်း၊ ၎င်းမီးလောင်မှုကို မြို့နယ်မီးသတ်နှင့် ကျေးရွာနေပြည်သူများမှ စုပေါင်း၍ မီးငြိမ်းသတ်နေကြရကြောင်း သိရှိရသည်။

PAN