ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဗန်မော်ကားလမ်းပိုင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် မြစ်ကြီးနားမြို့ပေါ်ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွား


ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဗန်မော်ကားလမ်းပေါ်ရှိ ဒေါ့ဖုန်းယန်အထက်ဘက် အနီးတဝိုက် ခယာဘွမ့်တွင် ယမန်နေ့ မွန်လွဲ ၂ နာရီအချိန်ခန့်တွင် နယ်မြေစိုးမိုးရေးလှုပ်ရှားစစ်ကြောင်းကို သာလွန်အင်အား(ခန့်မှန်းအင်အား ၁၀၀ ကျော်ခန့်ဖြင့်) အကြမ်းဖက် KIA/PDF အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယခုဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲသည် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်တလျှောက် ယခုနှစ်၌ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်းပေါ်ရှိ ကျေးရွာများ၏ ဒေသခံများမှ ယခုထက်ပြင်းထန်သည့်တိုက်ပွဲများ ၎င်းတို့ဒေသအတွင် ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံ သိရှိရပါသည်။

ထိုအတူ ယမန်နေ့ ည သန်းခေါင်ယံအချိန်တွင်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှ KT ကြက်ဆိုင်အနီးရှိ Ko Lat Second Mobile Phoneဆိုင်မှ ဖုန်းအလုံး ၃၀၊ ကွန်ပျူတာ HP တစ်လုံးနှင့် ကောင်တာအတွင်းရှိ ငွေများအားလုံးကို ဖောက်ထွင်းခိုးယူခံခဲ့ရမှု ဖြစ်စဉ်တခု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိပါသည်။

PAN