အမ်ဘက်ပေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွေ့မယ်

ဖေဖော်ဝါရီ ၅

ပြင်သစ်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘက်ပေက ဒီရာသီကုန်ဆုံးချိန် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းပြည့်ပြီးနောက် လာမယ့်ရာသီမှာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

၂၀၂၃-၂၄ ရာသီကုန်ချိန်မှာ သူ့အနေနဲ့ လီဂူးဝမ်းအသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ကြောင်း အမ်ဘက်ပေက ပြီးခဲ့တဲ့နှစ်ကပြောကြားထားခဲ့လို့ သူ့အနေနဲ့အခြားအသင်းတစ်သင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ သွားရောက်နိုင်မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီကနေပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာနိုင်ဖို့ အမ်ဘက်ပေက ပီအက်စ်ဂျီကပေးအပ်တဲ့ သစ္စာရှိကြေး ယူရိုသန်း ၁၀၀ ကို လက်လွှတ်ခံခဲ့ကြောင်း မီဒီယာသတင်းတွေကဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို ၂၀၁၈ ခုနှစ်က ပေါင် ၁၅၃ သန်းနဲ့ မိုနာကိုအသင်းဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဘက်ကတော့ အမ်ဘာပေကို ပြောင်းရွှေ့ကြေးမရဘဲ လက်လွှတ်လိုက်ရဖို့ စိတ်ပူနေပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးသွားဖို့ ကြိုးပမ်းနေပါတယ်။