နည်းပြမရှိတဲ့ အိမ်ရှင်အိုက်ဗရီကိုစ်အသင်း ဆီမီးဖိုင်နယ်သို ထပ်မံတက်ရောက်နိုင်ခဲ့


ဖေဖော်ဝါရီ ၅

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ အိမ်ရှင်အိုက်ဗရီကိုစ်အသင်းဟာ နည်းပြမရှိပဲ ဆီမီးဖိုင်နယ်အဆင့်ကို ထပ်မံတက်သွားခဲ့ပြီဖြစ်ပါတယ်။ အိုက်ဗရီကိုစ်အသင်းဟာ အုပ်စုပြုတ်ပြီထင်မှတ်ကာ နည်းပြကို ထုတ်ပယ်ပြီးကာမှ အကောင်းဆုံးအုပ်စု တတိယအသင်းတစ်သင်းအနေနဲ့ ရှုးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုက်ဗရီကိုစ်အသင်းဟာ ရှုးထွက်အဆင့်မှာ လက်ရှိချန်ပီယံ ဆီနီဂေါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာတော့ မာလီအသင်းကို အချိန်ပိုမှာသွင်းတဲ့ သွင်းဂိုးနဲ့ ၂ ဂိုး ၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အိုက်ဗရီကိုစ် ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ကွန်ဂိုအသင်းနဲ့ ထပ်တိုက်ရင်ဆိုင်တွေ့နေတာကြောင့် ဗိုလ်လုပွဲတက်ရောက် နိုင်မလားဆိုတာ စောင့်ကြည်ရတော့မှာ ဖြစ်ပါတယ်။

PAN