ဇီဖြူကုန်းရွာတိုက်ပွဲမှ အမျိုးသမီး PDF များအဖွဲ့ဝင်များ အရှင်းဖမ်းဆီးရမိ


ဖေဖော်ဝါရီ ၅

လုံးခြုံရေး ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက် PDF အဖွဲ့များသည် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီဖြူကုန်းရွာနှင့် ကန်းထောင့်ရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အမျိုးသမီး အကြမ်းဖက် PDF ၂၇ ဦးကို လက်ရဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက် PDFအဖွဲ့များပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ တပ်မတော်လေနှင့် တပ်မတော်စစ်ကြောင်းမှ စစ်ကူဝင်ရောက်ရှင်းလင်းပေးခဲ့ခြင်းကြောင့် အကြမ်းဖက် PDFအဖွဲ့မှ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါပုလဲမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ဝင်များက ပြည်သူ့စစ်စခန်းများသို့ ဇန်နဝါရီလဆန်းပိုင်းမှစတင်ပြီး သာလွန်အင်အားအသုံးပြုကာ စစ်ရေးလုပ်ဆောင်လာသဖြင့် ပြည်သူ့စစ်လုံခြုံရေးပူးပေါင်းအဖွဲ့များကလည်း မြေပြင်ဝေဟင်အသုံးပြုကာ တန်ပြန်ထိုးစစ်ဆင် လုပ်ဆောင်လာသဖြင့် ရက်ပေါင်း ၃၀ အတွင်း အကြမ်းဖက် PDF အဖွဲ့ဝင် ၇၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုလဲမြို့နယ်အတွင်းရှိ နဂါးဦးဆောင်သော PDF အဖွဲ့နှင့် NUG လက်အောက်ခံ PDF အဖွဲ့ဦးဆောင်သောအဖွဲ့တို့မှာ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုများရှိနေကြောင်း သိရှိရပါသည်။

PAN