ဆီဆိုင်မြို့အနောက်ဖက် မဲဟဲရွာတွင် တပ်မတော်စစ်ကြောင်းပူးပေါင်းအဖွဲ့နှင့် KNDF/PNLA အကြမ်းဖပ်ပူးပေါင်းအဖွဲ့များ ထိ‌တွေ့တိုက်ပွဲဖြစ်ပွား


ဖေဖော်ဝါရီ ၅

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ရှမ်ပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနောက်ဖက် မဲဟဲရွာတွင် တပ်မတော်စစ်ကြောင်းနှင့်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေသော PNO အဖွဲ့ နှင့် KNDF/ PNLA အကြမ်းဖပ်ပူးပေါင်းအဖွဲ့တို့ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲသည် ၂၅ မိနစ်ကြာ အပြန်လှန်ပစ်ခတ်မှုပြင်းထန်ပြီး PNO ဘက်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသလို KNDF/PNLA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၇ လောင်းနှင့် လက်နှက် ၅ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။ ၎င်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းနှင့် PNO ပူးပေါင်းအဖွဲ့မှ နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

PAN