ကော့ကရိတ်မြို့ပေါ်တွင် အကြမ်းဖက်သောင်း ကျန်းသူ KTLA/PDF ပူးပေါင်းအဖွဲ့များက Drone ဖြင့် ဓါတ်ဆီများချိတ်ဆွဲ၍ ပစ်ချခြင်းကြောင့် နေအိမ်များ မီးလောင်ကျွမ်း

ဖေဖော်ဝါရီ ၅

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၄)ရပ် ကွက်၊ အထက်ရွာ တောင်ပေါ်ကျောင်းဘုန်းကြီး ကျောင်းကုန်းရှိ လုံခြုံရေးအဖွဲ့ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KTLA/ PDF ပူးပေါင်းအဖွဲ့များက Drone ဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

     မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့အရှေ့ဘက် အမှတ်(၂)ရပ်ကွက်၊ ဓမ္မရာမကုန်းအား Drone ဖြင့်တို​က်ခိုက်ခဲ့ရာ အဆိုပါ Drone ဗုံးသည် လုံခြုံရေးအဖွဲ့များရှိသော ဓမ္မရာမကုန်း အရှေ့ဘက်နှင့် မြောက်ဘက်ရှိ ရပ်ကွက်နေပြည်သူများနေအိမ်ပေါ်သို့ ကျရောက်ခဲ့ပြီး မီးလောင်မူများဖြစ်ပေါ်နေကြောင်း၊ အမှတ်(၂)၀င်းကြီး သုဿန်သွားဘက်လမ်းရှိ ရှမ်းပိုင်းနေအိမ်များမှာ မီးလောင်ကျွမ်းခဲ့သည်ဟု သိရပါ သည်။

       ထို့အ​ပြင် ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် အာရှလမ်းမ၊ ပုလဲဖြူလူမူကယ်ဆယ်ရေးရုံးရှေ့မှ  ခလရ(၉၇) တပ်ကို Drone ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ အကြမ်းဖက်သောင်းကျန်း သူများ အသုံးပြုနေသော Drone တွင် ဓါတ်ဆီများချိတ်ဆွဲ၍ ပစ်ချခဲ့ကြောင်းနှင့် နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မီးများလောင် ကျွမ်းခြင်းများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရပါသည်။

#PAN