အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တနင်္လာနေ့တွင် တွေ့ဆုံရန်ရှိ

ဖေဖော်ဝါရီ ၄

       အမေရိကန် စစ်သား ၃ ဦး သေဆုံးမှုအတွက် လက်တုံ့ပြန်သည့်အနေ့ဖြင့် အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်၏ တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်း အဝေးကို တနင်္လာနေ့ နေ့လည်မှာ ပြုလုပ်မည်ဟု​ သံတမန် သတင်းရင်းမြစ်တွေက AFP ကို ​​ပြောသည်ဟု ဆိုသည်။

      အမြဲတမ်းအဖွဲ့ဝင်ရုရှားမှ တောင်းဆိုသည့်အစည်း အဝေးကို တနင်္လာနေ့ ညနေ ၄ နာရီ (ဂရင်းနစ်စံ တော်ချိန် ၂၁၀၀ နာရီ) တွင်ကျင်းပမည်ဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်တပ်များကို တိုက်ခိုက်သည်ဟု စွပ်စွဲထားသော အီရန်ကျောထောက်နောက်ခံပြု အဖွဲ့များအပေါ် ဝါရှင်တန်က တိုက်ခိုက်မှုများကို ဆွေးနွေးမည်ဖြစ် သည်။

       ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ ပထမလက် ထောက် အမြဲတမ်းကိုယ်စားလှယ် ဒီမီထရီ ပိုလီယန်စကီးက ၎င်း၏နိုင်ငံသည် အီရတ်နှင့် ဆီးရီးယားတို့အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတကာ ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဆွေးနွေးရန်အတွက် ၎င်း၏နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြု လုပ်ရန် တောင်းဆိုထားကြောင်း လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

       စနေနေ့အစောပိုင်းတွင် အမေရိကန်တပ်ဖွဲ့များ သည် ဆီးရီးယားနိုင်ငံအရှေ့ပိုင်း Deir ez-Zur ပြည် နယ်နှင့် အီရတ်နယ်စပ်အနီး al-Bukamal မြို့တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။  အီရတ်နိုင်ငံအနောက်ပိုင်း အန်ဘာပြည်နယ်ရှိ ဆီးရီးယားနယ်စပ်အနီး အယ်လ်ကိမ်းနှင့် အကာရှတ်မြို့များကို အမေရိကန်က တိုက် ခိုက်ခဲ့သည်။  တိုက်ခိုက်မှုများကြောင့် လူအများအပြား သေဆုံးခဲ့ရသည့်အပြင် ပုဂ္ဂလိကပိုင်နှင့် ပြည်သူပိုင်ပစ္စည်းများကိုလည်း ပျက်စီးစေခဲ့သည်။

     မကြာသေးမီက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်များကို အသေအပျောက်များစေသော တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို တိုက်ခိုက်မှုကို ဦးတည်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲထား သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၁၆ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက် အရပ်သား ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်လ်ဆူဒါနီ၏ရုံးက ပြောကြားခဲ့သည်။

     ဒမတ်စကတ်ကလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများသည် Takfiri အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ရာတွင် နိုင်ငံ ၏ အားနည်းသွားစေရန် တမင်ရည်ရွယ်သည်ဟု ပြောဆိုထားသည်ဟု MEHR News Agency သတင်းအရ သိရပါသည်။

#PAN