အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားမည်

ဖေဖော်ဝါရီ ၄

      အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် သည် ဖေဖော်ဝါရီလ ၄ ရက်မှ ၈ ရက်အထိ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ကာတာ၊ အစ္စရေးနှင့် အနောက်ဘက်ကမ်း West Bank ဒေသသို့ သွားရောက်မည်ဖြစ် ကြောင်း အိမ်ဖြူတော်က ဖေဖော် ဝါရီလ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

      ကာတာနှင့် အီဂျစ်နှစ်နိုင်ငံသည် ဓားစာခံများလွတ် မြောက်ရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ ယာယီရပ်ဆိုင်းရန် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

       ပြန်လည်လွှတ်ပေးရန် ကျန်ရှိနေသေးသည့် ဓား စာခံများကို လွှတ်ပေးရန်နှင့် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် အနေဖြင့် သံတမန်နည်းလမ်းအရ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူးမီလာ က ပြောကြားသည်။

#PAN