ဖေဖော်ဝါရီ ၂
ဆီးရီးယားနဲ့အီရတ်တွင်ရှိသည့် အီရန်၏ ပစ်မှတ်များအား တိုက်ခိုက်သွားမည်ဟု အမေရိကန်မှ အတည်ပြုကြေညာခဲ့သည်။
တိုက်ခိုက်မှုအား ရက်အတန်ကြာထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့တွင် မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်ခံရပြီး အမေရိကန်စစ်သား ၃ ဦး သေဆုံးခဲ့ပြီးနောက် ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။
ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin မှ ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် မောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကို တုန့်ပြန်မည်ဟု ထပ်ခါတလဲလဲပြောဆိုခဲ့သော်လည်း အမေရိကန်အနေဖြင့် အီရန်နိုင်ငံနှင့် စစ်ပွဲသို့မဟုတ် ဒေသတွင်းတင်းမာမှုကို ဖြစ်ပေါ်ရန် မလိုလားကြောင်း ပြောကြားခဲ့သည်။
#PAN
Telegram link
https://t.me/positiveanglenews
