ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရော်နီကာ

ဖေဖော်ဝါရီ ၂

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာသည် လာမည့် Thai Fight ပြိုင်ပွဲတွင် ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့် ထိုးသတ်မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကိုလာမည့် ဖေဖော်ဝါရီလ (၄) ရက် ညနေတွင် ကျင်းပမည်ဖြစ်ပြီး ဘရော်နီကာသည် ထိုင်းမွေထိုင်းလက်‌ဝှေ့မယ် Nongbew Tor Thepsutin နှင့် ထိုးသတ်မည်ဖြစ်ပါတယ်။

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၆) ပွဲဆက်အနိုင်ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်ပါတယ်။