တောင်ကိုရီးယားကမ်းလွန်တွင် အမေရိကန် F-16 အမျိုးအစားတိုက်လေယာဉ်တစ်စင်း ပျက်ကျ


ဖေဖော်ဝါရီ ၂

အမေရိကန်လေတပ်မှ F-16 အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီလ ၃၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဂန်ဆန်ကမ်းလွန်ရှိ ရေပြင်အတွင်းသို့ ပျက်ကျသွားကြောင်း အမေရိကန်စစ်ဘက်က အတည်ပြုသည်။ အဆိုပါ တိုက်လေယာဉ်သည် အမေရိကန်စစ်ဘက်၏ ခွန်ဆန်လေတပ်အခြေစိုက်စခန်းရှိ ရေပြင်အတွင်းသို့ ဒေသစံတော်ချိန် နံနက် ၉ နာရီကျော်ခန့် က ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်မှူးမှာ လေယာဉ် ပျက်မကျမီ အောင်မြင်စွာဖြင့် ခုန်ထွက်နိုင်ခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။ ယခု ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုသည် အမေရိကန်စစ်ဘက်၏ တစ်နှစ်အတွင်း တတိယအကြိမ် ပျက်ကျမှု ဖြစ်ကြောင်း သိရသည်။

လေယာဉ်အတွင်းမှ ခုန်ထွက်သွားသည့် လေယာဉ်မှူးအား တောင်ကိုရီးယားကယ်ဆယ်ရေးအဖွဲ့များက ပြန်လည် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ၎င်းအား သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က နောက်ပိုင်းတွင် ဆေးရုံသို ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်လေတပ်မှ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး မက်သရူးစီဂိတ် က ပြောကြားထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN