ပုလဲမြို့ကို အယောင်ပြပစ်ခတ်ပြီး ဇီးဖြူကုန်းကျေးရွာ ပြည်သူ့စစ် အထိုင်စခန်းကို သိမ်းပိုက်ရန်အကြံဖြင့် ကြိုးစားသည့် နဂါးဦးဆောင်တဲ့ BNRA အဖွဲ့

ဖေဖော်ဝါရီ ၂

ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပြည်သူ့စစ်အထိုင်စခန်းကို အကြမ်းဖက် PDF အဖွဲ့မှ သာလွန်အင်အားအသုံပြုပြီး ကျေးရွာ အ.လ.က စာသင်ကျောင်း၏တောင်ဘက်နှင့်မြောက်ဘက်မှ လက်နက်ကြီး၊ ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ အပြန်အလှန်​ပစ်ခတ်မူဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းပစ်ကူဖြင့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF များ အထိနာပြီး သေဆုံးဒဏ်ရာ ရသူများကို ဆွဲယူကာဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားကြပြီး မြကုန်းကျေးရွာတွင် အကြမ်းဖက်များဆက်လက်ခိုအောင်းနေကြောင်း သတင်းအရ တပ်မတော် ဂျက်ဖိုက်တာယာဉ်ဖြင့် ဆက်လက်ပစ်ခတ်ရှင်းလင်းရာ သေဆုံးဒဏ်ရာရသူအများအပြားရှိကြောင်း သိရှိရပါသည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့များသည် ဒဏ်ရာရသူများကို နွယ်အင်းဆည်ဘောင်ပေါ်ရှိ ရှင်းလင်းဆောင်၊ နွယ်အင်းရွာမြောက်ဘက် ပျော်ဘွယ်ကျင်း(မြောက်)ရွာနှင့် ဇီးဖြူကုန်းကျေးရွာတောင်ဘက် သရက်ကျေးရွာတို့တွင် အကြမ်းဖက် PDF အဖွဲ့များ​ရောက်ရှိနေကြောင်း ဆက်လက်သတင်းရရှိ၍ တပ်မတော်မှ ဂျက်ဖိုက်တာဖြင့် ဆက်လက်ပစ်ခတ်ရှင်းလင်းရာ သေဆုံးဒဏ်ရာရရှိသူများစွာရှိကြောင်း ကြားသိရပြီး သေဆုံးသူအရေအတွက်စာရင်းကို အတိအကျမရရှိပါကြောင်းနှင့် PDF မိသားစုဆွေမျိုး၏ ငိုးကြွေးသံများအရ အမြောက်အများ သေဆုံနိုင်ကြောင်းသိရသလို ၎င်းနယ်‌မြေ အကြမ်းဖက်ခေါင်းဆောင်ဖြစ်သူ နဂါးကလည်း ၎င်း၏ Page တွင် အဖွဲ့ဝင်များကျဆုံးမှုရှိ၍ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြလာသည်ကို တွေ့ရှိရပြီး ဒဏ်ရာရသူများကို ဖလန်ပင်ကျေးရွာဆေးပေးခန်းတွင် ဆေးကုသပေးနေကြောင်း သိရှိရသည်။

#PAN