အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူး ပေါင်းအဖွဲ့များက ကျိုက်ဒုံ ဗျူဟာကုန်းနှင့် BGF စခန်းတို့အား တိုက်ခိုက်

ဖေဖော်ဝါရီ ၁

      ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့ ၊ မြို့အဝင်ရှိ လုံခြုံ ရေးအဖွဲ့ကို ယမန်နေ့  ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူး ပေါင်းအဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းအပြင် အကြမ်းဖက်သောင်းကျန်းသူများက ကျိုက်ဒုံမြို့၊ အထက် တန်းကျောင်းတွင် နေရာယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ရေပေးသည့် ရေပိုက်များကိုဖြတ်လိုက်ကြောင်း၊ မြို့ထဲတွင် ပြည်သူများထွက်ပြေးသွားကြကြောင်းနှင့် ကျိုက်ဒုံ ဗျူဟာကုန်းနှင့် BGF စခန်းတို့အား တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရသည်။

       အလားတူ ယနေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့၊ အရှေ့ဘက် အမှတ်(၂)ရပ်ကွက်၊ ၀င်းကြီး ဓမ္မရာမဘုန်းကြီးကျောင်းကုန်းတွင် အခြေပြုနေသော အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ပြီး အဆိုပါ ဘုန်းကြီးကျောင်းကုန်းကို တပ်မတော်မှ ပြန်လည်တိုက် ခိုက်သိမ်းယူခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ ဘုန်းကြီးကျောင်းကုန်းကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများက သာလွန်အင်အားဖြင့် တစ်ရက်တိတိ တိုက်ခိုက်လာမှုကြောင့် ညပိုင်းတွင် တပ်မတော်လုံခြုံရေးအဖွဲ့မှ ခေတ္တပြန်လည်ဆုတ်ပေးခဲ့ခြင်းဖြစ်သည်။

      ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း မြဝတီမြို့၊ သင်္ဃန်းညီနောင်နှင့် ကွင်းကလေးကြားတွင် တပ်မတော်မှ ရဟတ်ယာဥ်တစ်စီးကို ပစ်ချခဲ့ပြီးနောက် မြဝတီမြို့၊ သင်္ဃန်းညီနောင်ကို တိုက်ခိုက်ရန် စီစဥ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

#PAN