ယီမင်ရှိ ဟူသီများက မိမိကိုယ်ကို မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ အမေရိကန်နှင့် ဗြိတိန် စစ် သင်္ဘောများကို ပစ်မှတ်ထားမည်ဟု ဆို

ဖေဖော်ဝါရီ ၁

       ယီမင်နိုင်ငံမှ အီရန်မဟာမိတ် ဟူသီများက ၎င်းတို့သည် ပင်လယ်နီအတွင်း မိမိကိုယ်ကို မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ အမေရိကန်နှင့် ဗြိတိန် စစ်သင်္ဘောများကို ဆက်လက်ပစ်မှတ်ထားရန် စီစဉ်ထားသည်ဟု အဆိုပါအဖွဲ့၏ စစ်ဘက်ပြော ရေးဆိုခွင့်ရှိသူ၏ ထုတ် ပြန်ကြေညာချက်အား AI-Massirah TV မှ ဖော်ပြထားကာ ဟူသီများ သည် အမေရိကန် စစ်သင်္ဘော USS Gravely ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ကြေ ညာချက်တွင် ဖော်ပြထားသည်။

       ဇန်နဝါရီ ၃၀ ရက်၊ အင်္ဂါနေ့ညက အမေရိကန် ဗဟိုကွပ်ကဲမှုစစ်ဌာနချုပ်က ယီမင်မှ ပင် လယ်နီသို့ ဦးတည်ပစ်ခတ်လိုက်သည့် သင်္ဘောဖျက် ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့သည်ဟု ထုတ်ပြန်ပြောကြားခဲ့သည်။ ယီမင်၏ လူဦးရေအများဆုံး နေရာများကို ထိန်းချုပ်ထားသည့် ဟူသီများ သည် ဂါဇာစစ်ပွဲ၌ ပါလက်စတိုင်းများနှင့် ပေါင်း စည်းကာ ပင်လယ်နီအတွင်းနှင့် အနီးတစ်ဝိုက်တွင် သင်္ဘောများအား တိုက်ခိုက်လျက်ရှိပြီး အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်ရှိ ဟူသီပစ်မှတ်များကို တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းထားခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ဟူသီများက ဂါဇာစစ်ပွဲ၌ ပါလက်စတိုင်းများဖက်မှ ရပ်တည်ကာ ပင်လယ်နီအတွင်းနှင့် အနီးတစ်ဝိုက်တွင် သင်္ဘောများအား တိုက် ခိုက်နေသည်ကို  အီရန်နိုင်ငံအနေဖြင့် ကျော ထောက်နောက်ခံပြုထား သည်ဟု အမေရိကန်နှင့် အစ္စရေးတို့က ထုတ်ဖော်ပြောဆိုထားသည်။

      ဂျော်ဒန်တွင် အမေရိကန် စစ်မှုထမ်းအဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သည့် အီရန်နှင့် မဟာမိတ် အီရတ်အဖွဲ့များ၏ ဒရုန်းတိုက်ခိုက်မှုအား မည်ကဲ့သို့ တုံ့ပြန်ရန် ဆုံးဖြတ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန် Amir Saeid Iravani က တီဟီရန်သည် ၎င်း၏ ပိုင်နက်နယ် မြေ၊ ၎င်း၏ အကျိုးစီးပွား သို့မ ဟုတ် ၎င်း၏ နယ်နိမိတ်ပြင်ပရှိ နိုင်ငံသားများအပေါ်တိုက်ခိုက်မှုကို လျင်မြန်စွာတုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့မှုကို နိုင်ငံပိုင်မီဒီယာမှ ဇန်နဝါရီ ၃၁ ရက်၊ ဗုဒ္ဓဟူး နေ့၌ ဖော်ပြခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရပါသည်။

#PAN