ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၁၉ လုံး မီးလောင်


ဇန်နဝါရီ ၃၁

ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်တွင် နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ကြည်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်၊ နဝဒေးလမ်းရှိ နေအိမ်တစ်လုံးမှာ ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မီးလောင်မှုမှာ မိနစ် ၅၀ ကျော်ကြာ လောင်ကျွမ်းခဲ့ပြီး မင်းမဟော်လမ်းရှိ၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ နေအိမ် ၇ လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ နေအိမ် ၅ လုံး၊ နဝဒေးလမ်းရှိ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ နေအိမ် ၁ လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ နေအိမ် ၆ လုံး စုစုပေါင်း ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

PAN