ညောင်ဦးမြို့၊ ပုဂံမြို့သစ်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၃၈၄) ဓမြတိုက်ခံရ


ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ သိင်္ခရပ်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၃၈၄)သို့ ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမား ၈ ဦးခန့်(စိစစ်ဆဲ)မှ ပါဂျဲရိုကား အနက်ရောင်မော်တော်ယဉ်ဖြင့် ရောက်ရှိလာပြီး ဓမြတိုက်လုယက် သွားကြောင်းသိရသည်။

အဆိုပါ ကမ္ဘောဇဘဏ်ခွဲအမှတ်(၃၈၄)သို့ လက်နက်ငယ် အတို/အရှည်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၈ ဦးခန့်သည် ဘဏ်တွင်းသို့ ဝင်ရောက်လာပြီး ဘဏ်မန်နေဂျာ ဦးဟန်မျိုးလင်းအား သေနတ်အတိုဖြင့်ထောက်၍ ကျန်ဝန်ထမ်း ၁၈ ဦးအား ကြမ်းပြင်တွင် မှောက်ခိုင်းပြီး ခန့်မှန်း ငွေကျပ် သိန်း ၂ ထောင်ခန့် ယူဆောင်၍ ပုဂံ-ချောက် ကားလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရှိရသည်။

၎င်း ဘဏ်သည် ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး လက်ရှိဝန်ထမ်းအင်အား ၁၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

#PAN