ကုန်စျေးနှုန်းသတင်း


ဇန်နဝါရီ ၃၀

ဇန်နဝါရီလ ၃၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေ ရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ကုလားပဲဈေးတွေ အနည်းငယ် ကျဆင်းလာပေမယ့် ပဲစင်းငုံနီ၊ ပဲလွန်းဖြူနဲ့ ပဲလွန်းနီဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူနဲ့ ငရုတ်ဈေးတွေ ဈေးငြိမ်နေသလို ထန်းလျက်၊ မန်ကျည်းသီးနဲ့ အာလူးဈေးတွေလည်း ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၀၁,၉၃၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၁၀,၉၃၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၁၆၅ ကျပ်ကနေ ၅,၂၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၂,၈၉၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၄၀ ကျပ်ကနေ ၁,၁၆၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၆၁၅ ကျပ်ကနေ ၃,၈၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၃၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ကုလားပဲဖြူလုံး အသေး တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၉၁၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၃၀ ကျပ် ကနေ ၃,၉၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ ငရုတ် (ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၄,၀၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၅၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၀၅ ကျပ်၊ မန္တလေးမှာ ၂,၇၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၄၅ ကျပ်၊ မန္တလေးမှာ ၂,၈၉၅ ကျပ်၊ နေပြည်တော်မှာ၂,၈၉၅ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၅၀ ကျပ်၊ မန္တလေးမှာ ၂,၅၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၉၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၁၅ ကျပ်၊ မန္တလေးမှာ ၂,၅၆၅ ကျပ်၊ နေပြည်တော်မှာ၂,၅၆၀ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၆၈,၄၀၀ိ/-) သုံးဆယ် ခြောက်သိန်း ခြောက်သောင်း ရှစ်ထောင် လေးရာ ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ (၃,၈၆၀,၀၀၀ိ/-) သုံးဆယ် ရှစ်သိန်း ခြောက်သောင်း ကျပ် ရှိနေတယ်လို သိရပါတယ်။

PAN