One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ အောင်လအန်ဆန်

ဇန်နဝါရီ ၂၉

မြန်မာ့စပါးအုံး အောင်လအန်ဆန်က One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အသက်၃၈နှစ်ရှိ အောင်လအန်ဆန်ဟာ One Championship တွင် သူ့၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေပြီး Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်ကြိုးစားနေပါတယ်။

“One Championship ဟာ ကျွန်တော်ရဲ့ MMA ခရီးလမ်းကို စတင် လျှောက်လှမ်းခဲ့တဲ့ နေရာဖြစ်ပြီး ကျွန်တော်ရဲ့ ပြီးဆုံးမယ့် ပန်းတိုင်နေရာလည်းဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ ရွှေခါးပတ် ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက် ကျွန်တော် အဆင်သင့်ပဲဗျာ၊ ဘုရားသခင်ရဲ့ လမ်းညွှန်မှု၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုအတွက် အမြဲကျေးဇူးတင်ပါတယ်” ဟု လူမှုန်ကွန်ရက်တွင် ရေးသားပါတယ်။

အောင်လအန်ဆန်ဟာ One Championship တွင် သူ့၏ ကမ္ဘာ့ချန်ပီယံခါးပတ်များလက်လွတ်ခဲ့ရပြီးနောက် ၅ ပွဲ ယှဉ်ပြိုင်ရာတွင် ၁ ပွဲရှုံးနိမ့်ထားပြီး ၄ ပွဲအနိုင်ရရှိထားပါတယ်။