ဂိုးသမား ဒီဂီယာ ဆော်ဒီကလပ်ဆီ ပြောင်းရွှေ့ရန် ဆွေးနွေး

ဇန်နဝါရီ ၂၉

မန်ယူအသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ဒီဂီယာဟာ ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းကိုပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

အသက် ၃၃ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟောင်းဟာ မနှစ်ကရာသီအကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ရာသီဝက်ကာလအထိ အသင်းသစ်ရှာမတွေ့ဘဲ ဖြစ်နေရတာပါ။

အယ်လ်ရှာဘက်အသင်းဟာ ၁၈ သင်းရှိတဲ့ ဆော်ဒီပရိုလိဂ်မှာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီ ဒီရက်ပိုင်းမှာ ကစားသမားသစ်ခေါ်ယူမှုတွေ တောက်လျှောက်လုပ်နေခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းရဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ အိုင်ဗန်ရာကီတစ်အပြင် နယူးကာဆယ်တိုက်စစ်မှူး အယ်လ်မီရွန်ကိုပါ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပါတယ်။