Expo 2023 Doha ကုန်စည်ပြပွဲ၏ မြန်မာနေ့အခမ်းအနားကျင်းပ

ဇန်နဝါရီ ၂၈

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပလျက်ရှိသော Expo 2023 Dohaတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိပြီးExpo 2023 Doha ၏ မြန်မာနေ့အခမ်းအနားကို ယနေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ AI B Park ရှိ Expo House ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ Expo 2023 Doha ၏ Secretary General Mr. Mohamed alkoori နှင့် ပြပွဲတွင် ပါဝင်ပြသသည့် နိုင်ငံများမှ Commissioner General များ တက်ရောက်ကြသည်။

မြန်မာနေ့အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီ၌ ကျင်းပရာ ဦးစွာ မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းများကို ဖွင့်လှစ်၍ နှစ်နိုင်ငံအလံများကိုလွှင့်ထူပြီး မြန်မာ့ယဉ်ကျေးမှု အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး ဧည့်သည်တော်များက မြန်မာပြခန်းဆောင်နှင့် ကာတာပြခန်းဆောင်တို့ကို လှည့်လည်ကြည့်ရှုသည်။

Expo 2023 Doha ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်အထိ ၆ လကြာ ကျင်းပလျက်ရှိပြီး ပြပွဲကာလအတွင်း မြန်မာပြခန်းဆောင်ကို TREASURE CAP Company မှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ပြသလျက်ရှိကြောင်းနှင့် မြန်မာပြခန်း၌ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ မြန်မာ့သဘာဝမျိုးရင်း သစ်ခွများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြသလျက်ရှိကြောင်း သိရသည်။

#PAN