မွန်ပြည်နယ်၊ ဘီးလင်းမြို့ “သာသနဓဇဓမ္မာစရိယ” ဘွဲ့တံဆိပ် တော်ရ ဘီးလင်းမြို့မင်း ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်အား ဂုဏ်ပြုပူဇော် ပွဲကျင်းပပြုလုပ်


ဇန်နဝါရီ ၂၈

ယနေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်အထိ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်၌ နိုင်ငံတော်အစိုးရမှချီးမြှင့်သော သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ မင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာနနာ ယက ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ ပုညသုခိတာရုံကျောင်းတိုက်ဆရာတော် ဒေါက်တာပညာသာမိ၊ ရွှေလှေကျေးရွာဝိဇ္ဇောတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တ အင်္ကုလ၊ ငြိမ်းချမ်းရိပ်မြုံ ဓမ္မာစရိယသင်တန်းကျောင်းဆရာတော်ဥူးဝိမလ၊ ဌက်ပျောတောပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တသုမနသီရိဘိဝံသ၊ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တအာစာရ အရှင်သူမြတ်နှင့်ဆရာတော်သံဃာတော်များ၊ ဧည့်ပရိတ်သတ်များ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသောဆရာတော်ကြီးများနှင့်ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံး ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ရွှေလှေကျေးရွာဝိဇ္ဇောတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တ အင်္ကုလထံမှ ငါးပါးသီလ ခံယူခဲ့ကြကြောင်း၊ ထို့နောက် ဘွဲ့ခံဆရာတော်အား အခမ်းအနားဖြင့်ပင့်ဆောင်ကာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ၊ ပုညသုခိတာရုံကျောင်းဆရာတော် ဒေါက်တာပညာသာမိက သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တအာစာရ အရှင်သူမြတ်၏ထေရုပ္ပတ္တိကိုဖတ်ကြားပူဇော်ခဲ့ကြောင်း၊ ဆက်လက်၍ ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယသင်တန်းကျောင်း ဆရာတော် ဥူးဝိမလကသြဝါဒ ကထာချီးမြှင့်ပြီး ဌက်ပျောတောပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တသုမနသီရိဘိဝံသ က အနု မောဒနာတရားနှင့် ရေစက်ချတရားတော်များ ချီးမြှင့်အမျှ ပေးဝေကာ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

PAN