ကော့ကရိတ်မြို့တွင် မြို့လုံခြုံရေးတပ်ဖွဲနှင့် အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီ ၂၇

       ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ
အား ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ်ဆင်နွှဲမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့ ညပိုင်းမှစ၍ ကော့ကရိတ်မြို့အား နေရာအသီးအသီးမှ ချဥ်းကပ်လာခဲ့ရာ  ကော့ကရိတ်မြို့လုံခြုံရေးအဖွဲ့များက လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နယ်မြေခံအမြောက်တပ်မှ အမြောက်ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့ပြီး နံနက် ၁ နာရီ ၁၂ မိနစ်အချိန်၊ ၁ နာရီ ၂၈ မိနစ်အချိန်၊ ၅ နာရီ ၂၈ မိနစ်အချိန် များတွင် တပ်မတော်မှ ကော့ကရိတ်ပတ်လည် အကြမ်းဖက်သမားများက နေရာယူထားသောနေရာများအား လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်းနှင့် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွက် ကော့ကရိတ်မြို့၊ အမှတ်(၁) ရပ် ကွက်၊ ချောင်းတောင်ဘက်ခြမ်းနှင့် အမှတ်(၂) ရပ်ကွက်၊ ဓမ္မရာမဘက်တို့၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

      ထိုပြင် ညနေ ၂ နာရီခွဲအချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၁) ရပ် ကွက်၊ ချောင်းတောင်ဘက်ခြမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ရပ်တန့်သွားပြီး အကြမ်း ဖက်သောင်း ကျန်းသူများသည် အမှတ်(၁)ရပ်ကွက်၊ ဗလချောင်ရှိ နေအိမ်များကို မီးရိူ့ပြီးပြန်လည်ဆုတ်ခွာသွားကြောင်း၊ အမှတ် (၂)ရပ်ကွက်၊ ဓမ္မရာမ ကုန်းတွင်ဖြစ်ပွားနေသည့် ၂ ဖက်တိုက်ပွဲမှာ ညနေ ၃ နာရီခွဲအချိန်ခန့်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

      ထို့ပြင် ယနေ့ ညနေ  ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကော့ကရိတ်မြို့ အမှတ်(၇) ရပ် ကွက်၊ ပိတောက်လမ်းရှိ အထက တောင်ပေါ်ရပ်ကျောင်း လမ်းဆုံတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းတန်းစွာဖြစ်ပွားနေပြီး အကြမ်း ဖက်သောင်းကျန်းသူများက အထက တောင်ပေါ်ရပ်ကျောင်း E ပုံစံကျောင်းဆောင်ဟောင်းအား မီးရိူ့ခဲ့ရာ ကျောင်း ဆောင်ဟောင်းတစ်ခုလုံး မီးလောင်ကျွမ်းသွားကြောင်း ညနေ ၅း၄၅ အချိန်တွင်သတင်းသိရှိရ

       အလားတူ ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ကော့ကရိတ်မြို့ အမှတ်(၂)ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊  မ (၂ )ကျောင်းအနီးရှိ  ဦးသာထူး၊ ဦးပန်းညွှန့် နေအိမ်နှင့် ၃ အိမ်ကျော်  ရှေ့နေ ဦးဘမြင့်သိန်း နေအိမ် ၃ လုံးကို နာမည်ထိုးဖြင့် အကြမ်းဖက်သောင်း ကျန်းသူ အဖွဲ့ တစ်ဖွဲ့က မီးလာရောက်ရိူ့သွားကြောင်း သတင်းရရှိပါသည်။

#PAN