မြင်းမူမြို့နယ် ထီးဆောင်းစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် PDF များ၏ Drone ပတ်သက် သည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆည်းရရှိ

ဇန်နဝါရီ ၂၆

        စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် တာဝန်သိပြည်သူများ၏ ပေးပို့သော လျှို့ဝှက်သတင်းအရ မော်တော်ယာဥ်များကို စစ်ဆေးရှာဖွေစဥ် အကြမ်းဖက် PDF များထံသို့ ပေးပို့ရန် အတွက် သယ်ဆောင်လာသော Drone နှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွှဲပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု သိရပါသည်။

      ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြင်းမူမြို့ နယ်၊ ထီးဆောင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မန္တလေးမြို့မှ မုံရွာမြို့ဘက်သို့ ယာဉ်မောင်း ဦးဝင်းနိုင်၊ ၄၃ နှစ်၊ (ဘ)ဦးခင်မောင်အေး၊ မြို့သစ်ရပ်ကွက်၊ မုံရွာမြို့နေသူ မောင်းနှင် ပြီး ယာဉ်နောက်လိုက် မင်းခန့်မောင် ၂၅ နှစ်၊ (ဘ)ဦးထွန်းအေး၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့နေသူတို့လိုက်ပါလာသည့် မုံရွာ – မန္တလေး (မဟာနွယ်)ယာဉ်လိုင်းမှ ယာဉ်အမှတ်၊ 7L-4000 Express ဖြူ/ပြာရောင် (ခရီးသည်မပါ) ခရီး သည်တင်ယာဉ်အား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

       ထိုသို့ ရှာဖွေရာမှ အကြမ်းဖက် PDF များ အသုံးပြုမည့် RADIOMASTER(Drone Control) ၃ ခု၊ Dube (ဆက်စပ်ပစ္စည်း) ၃ စုံ၊ AGFRC SERVO ၁၀ ခု၊ ပန်ကာဒလက်(HW) ၂၃ ခု၊ GPS ၆ခု၊ UBEC ၄ ခု၊ PS 5-3 +Pwr-1 ၃ ခု၊ ဒလက်မော်တာ(X-8)KV100 KB CCW RTF ၁၈ ခု၊ ပိုက်ဆက်(18 Pcs) ၁၈ ခု၊Transmiher + Reciver(B) ၃ ခု၊ ဒရုန်းဒလက်တိုင်(အတို) ၁၈ ချောင်း၊ ဒရုန်းဒလက်တိုင် (အရှည်) ၁၈ ချောင်း၊ ဒရုန်းဓာတ် ခဲ(18650) ၁၀ လုံး၊ DC-DC Power ၆ ခု၊ နတ်တိုင် (အရှည်) ၅၅ ခု၊ 12V ဘက္ထရီ ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲကြောင်း သတင်းရရှိပါသည်။

#PAN