မလန်းကျေးရွာအနီးလမ်းပေါ်တွင် ရပ်ထားသော ကားအတွင်းမှ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

ဇနါနဝါရီ ၂၆

ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၌ သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရကြောင်း သိရှိရပါသည်။

အဆိုပါရုပ်အလောင်းကို မလန်းကျေးရွာအနီးလမ်းပေါ်တွင် ရပ်ထားသောကားအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရှိရပါသည်။ သေဆုံးသူသည် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုမျိုးဟန် ဆိုသူဖြစ်ပြီး ၎င်းသည် လည်ပင်းပြတ်ရှဒဏ်ရာနှင့် အတူ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများရရှိကာ ထိုဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သေဆုံးသူ၏ မိသားစုထံသို့ လုံခြုံရေးအဖွဲ့များက အကြောင်းကြားထားပြီးဖြစ်ကြောင်း​ သိရသလို ကိုမျိုးဟန်၏ ရုပ်အလောင်းကိုလည်း လုံးခင်းကျေးရွာရှိ လူမှုကူညီရေးအသင်းက လာရောက် သယ်ယူသွားပြီဖြစ်‌ကြောင်း သတင်းရရှိပါသည်။

PAN